ငွေဆောင်မြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်နိုင်ရန်နှင့် ပြန်လည်ထူထောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ငွေဆောင် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန၊ မြို့ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးများ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ စားနပ်ရိက္ခာများ၊ သောက်ရေများနှင့် ဆေးဝါးများပြတ်တောက်မှု မဖြစ်စေရေးတို့အတွက် လိုအပ်သည်များကို အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ရှာဖွေကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိကြောင်း သိရသည်။ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ကွပ်ကဲရေးရုံးအား ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိကာ မြို့ဌာနဆိုင်ရာများအား စီမံခန့်ခွဲရေး တာဝန်ပေးထားကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်အတွင်း ဒေသခံပြည်သူများ အဆင်ပြေစေရန်နှင့် ပြန်လည်ထူထောင်နိုင်ရန် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ခေါက်ဆွဲခြောက်၊ ကြာဇံခြောက် အစရှိသည့် စားနပ်ရိက္ခာများ၊ သောက်ရေများ၊ ဆေးဝါးများအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် အသင့်ပြင်ဆင်ထားရှိကြောင်း သတင်းရရှိသည်။

မြို့နယ်