ပန်းတောင်းမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူ

ပန်းတောင်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘိုးစိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ပန်းတောင်း)ကျောင်းရှေ့ သိပ္ပံလမ်းစုံနေရာတွင် ပြုလုပ်စိုက်ထူခဲ့သည်။

အဆိုပါ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ပညာ‌ရေးမှူး ဦးသိန်းဒန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပြီး ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာအား စိုက်ထူခဲ့သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားနိုင်စေရန် အသိပညာပေးစိုက်ထူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)