ငါ့သရောက်မြို့ အိုရင်ကျေးရွာတွင် လေပြင်းတိုက်ခဲ့မှု့ကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံး

ငါ့သရောက် မေ ၁၀

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာအုပ်စု အိုရင်းကျေးရွာတွင် ယမန်နေ့ ည ၉နာရီ အချိန်က လေပြင်တိုက်ခိုက်မှု့ကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှုး ဦးသန်းလှိုင်ထံမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် အိုးရင်ကျေးရွာတွင် နေအိမ်နှစ်လုံး ပြိုကြပျက်စီးပြီး နှစ်လုံးမှာ ခေါင်မိုးများ ပျက်စီးသွားကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များမှ လေပြင်းတိုက်ခက်မှု့ကြောင့် ပျက်စီးသွာသောနေရာသို့ သွားရောက်ကာ လဲကြနေသော သစ်ပင်များ ရှင်းလင်းခြင်းနှင့် ပျက်စီးသွာသော နေအိမ်များအား ရှင်လင်းခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခိုက်မှု့ကြောင့် ပျက်စီးမှုကာလတန်းဖိုး (၇၃၀၀၀၀)ကျပ်ဆုံး ဆုံးရှုံးခဲရသော်လည်း လူနှင့်တရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)