မော်လမြိုင်ကျွန်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူများစည်းကားရာနေရာဖြစ်သော မဟာဗန္ဓုလ(၁၁) လမ်းသောင်းတိုးမြေ မော်တော်ယာဉ်ဆိပ်များ၊ မြို့မအောင်သာယာဈေး၊ စီ(၁) လမ်း မော်တော်ယာဉ်ဆိပ်များတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီဌာနမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက မေလ ၉ ရက်နေ့မှ မေလ ၁၃ ရက်နေ့အတွင်း ဖြစ်ပေါ်လာနိုင်သော လေပြင်းမုန်တိုင်း ဘေးအန္တရာယ်ကာကွယ်ရန်၊ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ရန်၊ မုန်တိုင်းဖြစ်ပွားပြီးချိန်တွင် လုပ်ဆောင်ရမည့် အချက်များ လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင် (၁၀၀)အား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)