စမ်းချောင်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများပူးပေါင်း၍ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေးနိုင်ရေးဆိုင်းဘုတ်ပိုစတာမျာ စိုက်ထူလှုပ်ရှားမှုးများကို စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးလှုပ်ရှားမှု့ပိုစတာများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆောင်ရွက်ခြင်းဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် အထက်တန်းကျောင်း(၂)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် စိုက်ထူပေးခဲ့ကြောင်းသိရသည်။
နီလာစိုး