ပုသိမ် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိပြီး လိုအပ်မည့်ပစ္စည်းကိရိယာများအား ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးကြိုကာလရောက်ရှိလာပြီး မုန်တိုင်းအန္တရာယ် ကျရောက်လာနိုင်မည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ သွားရောက်ကူညီ ကယ်ဆယ်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး အတွက် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးကိုကိုဦးမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်၍ တပ်ခွဲ(၁)ခွဲ အင်အား (၁၁၆)ဦးအား အသင့်စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များအတွက် ရိက္ခာများ စုစည်း ထားရှိကာ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသင့်ဆောင်ရွက်ထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးဦးအောင်ဆွေဝင်းထံမှ သိရသည်။
မြင့်ဟန်