အိမ်မဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်ပိုစတာများ စိုက်ထူ

အိမ်မဲ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပညာရေးဦးစီးဌာနမှ  ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်ပိုစတာများကို မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ယမန်နေ့နံနက် ၉ နာရီတွင် စိုက်ထူခဲ့သည်။

အဆိုပါဆိုင်းဘုတ်များကို မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သော မြို့မလူငယ် လေ့ကျင့်ရေး ဘောလုံးကွင်း၊ မြို့မစျေးကြီးနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင် စိုက်ထူခဲ့ပြီး အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့အဖြင့် မေလ (၂၃)ရက်နေ့မှ (၃၁)ရက်နေ့အဖြင့် သတ်မှတ်ထားပြီး မြို့နယ်အတွင်း ကျောင်းအပ်နှံမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈၁၄၈) ဦးခန့်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)