မံစီ မေ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မစီမြို့မဈေးရှေ့နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆိုင်းဘုတ်ကို ကျောင်းနေအရွယ် ကလေးမျာအားလုံး စာသင်ကျောင်းသို့ လာရောက် ကျောင်းအပ်နှံ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး စိုက်ထူခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာ ရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေ ဦးဆောင်သည့် ဝန်ထမ်းများက စိုက်ထူခဲ့ကြသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်သည် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖြစ်ပြီး ကျောင်းအပ်နှံရေး ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊ ပညာသင်ကာလများတွင် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ အားလုံးကို ပုံနှိပ်စာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံ (၁)စုံကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)