တနင်္သာရီမြို့နယ် Community Centre အတွင်း မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီ ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် ပညာပေး Talk Show ဆွေးနွေးပွဲကို ဇွန်လ ၃၀ ရက် နံနက် ၁၀ နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။ 

၎င်းအသိပညာပေးအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ဆွေးနွေးပေးကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က အသိပညာပေး (TALK SHOW) အစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် အမျိုးသမီးများ၏ အနာဂါတ်ဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နှင့် ဘဝလုံခြုံမှုရရှိစေဖို့ ဆန္ဒပြုတိုက်တွန်း ဆွေးနွေးပေးသည်။

ဆက်လက်၍ ဒုးဦးစီးမှူး ဒေါ်သီသီခိုင်က ဦးဆောင်မြင့်မား စွမ်းပကားနှင့် မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများစာအုပ်ထဲမှ နိုင်ငံပေါင်း (၁၅၀) ကျော်မှ ဧည့်လမ်းညွှန်ပေါင်း (၃၀၀၀) ကျော်ထဲမှ မြန်မာနိုင်ငံကိုယ် စားပြုထူးချွန်ဧည့်လမ်းညွှန်အဖြစ် ထူးခြားစွာရွေးချယ်ခံရသည့် ဒေါ်ဟေမာအောင် အကြောင်းနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ရာဇသတ် ကြီးဥပဒေပုဒ်မ (၃၅၄) ကို ဗဟုသုတရဖွယ် ပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအသိပညာပေး (TALK SHOW) ဆွေးနွေးပွဲအစီအစဉ် ရုပ်/သံကို ဝင်္ကဘာတောင်-သန္တိသုခစေတီတော် တနင်္သာရီမြို့နယ်၏ Page တွင် မည်သူမဆို အချိန်မရွေး လေ့လာသိရှိ နိုင်စေရန်အတွက် လွှင့်တင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ