ပုလဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ပုလဲ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ   မထိုးနှံရသေးသည့်    အသက် (၅)နှစ်နှင့်အထက် မူလတန်းအဆင့် ကျောင်းသား/သူများအား ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ   မထိုးနှံရသေးသည့်    မူလတန်းအဆင့် ကျောင်းသား/သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ (၂၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မထိုးနှံရသေးသည့်    မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်၁၉-ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးရဲအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်