ညောင်ဦး ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လယ်နာရီ ၁၂ နာရီအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၃၁၈ စင်တီမီတာလိုကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊၏ ယနေ့နေ့လယ် ၁၂ နာရီအချိန် တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေ သေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၃၁၈ စင်တီမီတာ လိုကြောင်း၊ယနေ့ နေ့လယ် ဧရာဝတီ မြစ်ရေတိုင်းထွာချက်အရ ၁၈၀၂ စင်တီမီတာရှိနေကာ တဖြည်းဖြည်းတက်လာနေကြောင်း ဧရာဝတီ မြစ်ရေစိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေ အားမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ထံကသိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအားတစ်ရက် သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများ ထံကသိရသည်။
ဒီပါလင်း