သရက်မြို့နယ် (Biometric)အချက်အလတ်များကောက်ယူရေး ကြီးကြပ်မှုကော်မတီ  (Biometric) အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ခရိုင်ပြည်သူ့ဆေးရုံးတွင် ကောက်ယူဆောင်ရွက်

သရက် ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း E-iDစနစ်ဖြင့် ဇီဝဆိုင်ရာ အချက်အလက်(Biometic) ကောက်ယူခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ အမှတ်(၂) အကြီးစား စက်မှုလက်မှုလုပ်ငန်း အမှတ်(၃၁) အကြီးစား စက်ရုံ (သရက်)တွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီတွင် ခရိုင်ပြည်သူ့ဆေးရုံးတွင် ဝန်ထမ်း(၁၈၅)ဦး၊ ဝန်ထမ်းမိသားစု (၁၆၆)ဦးကို စာရင်းများ ကောက်ယူ ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးတည် အုပ်စုအလိုက် အမည်စာရင်း ရယူထားသော ခရိုင် ပြည်သူ့ ဆေးရုံမှ  နိုင်ငံဝန်ထမ်းများ (၁၈၅)ဦး၊ ဝန်ထမ်းမိသားစု (၁၆၆)ဦးကို ၎င်းတို့၏ Biographic Data နှင့် Biographic Data များကို ကောက်ယူခြင်း၊ Databaseတွင် သိမ်းဆည်းခြင်းများ၊ ဆောင်ရွက်ပြီး ဂဏန်း(၁၀)လုံပါ Unique ID ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)