ဆင်ပေါင်ဝဲမြို့နယ်တွင်၂၀၂၃ခုနှစ်တမာပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တမာပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က လွန်ချီကျေးရွာသွားလမ်း လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်အရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဝေအောင်တို့က စိုက်ပျိူးမည့် အပင်များအားပေးအပ်ရာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများတို့က လက်ခံရယူပြီး သတ်မှတ်နေရာ အသီးသီးတို့၌ တမာပင်ပျိုးပင်ပေါင်း ၁၀၀၀ ကျော်တို့ကို စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)