ပုဗ္ဗသီရိ ဇူလိုင် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကိုယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ် နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက် ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျား ၂၆ ဦး၊ မ ၅၇ ဦး စုစုပေါင်းပြည်သူ ၈၃ ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)