လေးမျက်နှာ ဇွန် ၃၀
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကွင်းကြီးကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)အဖြစ် ကျေးရွာပိုင်ထင်းစိုက်ခင်းဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာပိုင်မြေ(၁)ဧက၌ မန်ဂျန်ရှား(၁၅၀၀)ပင်အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ လေးမျက်နှာမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများစုပေါင်းကာ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချနိုင်ရေး၊ ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိူးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ကျော်ဟိန်း (ပြန်/ဆက်)