ဟိုပန် ဇွန် ၃၀
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အမှတ်(၁၄၃) ခြေလျင်တပ်ရင်းဝန်းအတွင်း ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ၊ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ရန် ပျိုးပင်များကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြပြီး တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ယနေ့တွင် ကျွန်း(၇၀)ပင်၊ ပိတောက်(၇၀)ပင်၊ ယမနေ(၇၀)ပင်၊ ရေသင်းဝင်(၇၀)ပင်၊မဲဇလီ(၇၀)ပင်၊ စုစုပေါင်း (၃၅၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)