ပြည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်ဇနီး၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်နိုင်ထွန်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်းဒေသကြီးရုံးခွဲပညာရေးမှူး ဦးတင်ယုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ) သင်တန်း၊ စီမံ(ဌာနမှူး)များ၊ ပါမောက္ခဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဦးရေ ၅၅၀ ခန့်တက်ရောက်သည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်က အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်မြို့အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမျိုးမင်းက ရှေးခေတ်အဆက်ဆက်မှစ၍ မြန်မာနိုင်ငံသို့မူးယစ်ဆေးဝါးရောက်ရှိလာပုံသမိုင်းကြောင်းနှင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများ၊ မူးယစ်ဆေးသုံးစွဲမှုနှင့်မြန်မာနိုင်ငံတွင်တွေ့ရသော မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးကိုစွဲလမ်းရသည့်အကြောင်းအရင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့် ကုလသမဂ္ဂနှင့်လက်မှတ်ရေးထိုးထားသည့် ကွန်ဗင်းရှင်းများအကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းစသည့် မူးယစ်ဆေးဝါးဆိုင်ရာသိမှတ်ဖွယ်ရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောသည်။

ထို့နောက် ပြည်တက္ကသိုလ်၏ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ကာ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး  မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)