တန့်ယန်းခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တန့်ယန်း ဇွန် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှကြီးမှူး၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃)ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်နှင့် မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေအရင်းအမြစ်နှင့် မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်များ၊ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများကို စနစ်တကျ အကျိုးရှိစွာ အသုံးပြုဆောင်ရွက်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ MSMEs လုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမွေ့စေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စေရေးတို့ကို ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တန့်ယန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ တာဝန်ရှိဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။          

မင်းလွင်ဦး(ပြန်/ဆက်)