ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဇွန် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီက ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းသက်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်သော အဆင့်မြှင့်အပ်ချုပ်စက်သင်တန်း သင်ကြားတတ်မြောက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ ဆင်းရဲနွမ်းပါးမှုလျော့ချပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ဖောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသူ (၃)ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းကို ဖောင်းတောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတို့က သင်တန်းကာလ(၁)လကြာ တက်ရောက် သင်ကြားခဲ့ကြကြောင်း သိရှိရသည်။

ဆုမွန်