အုတ်ဖိုမြို့နယ် အ.ထ.က အေးမြသာယာတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အုတ်ဖို ဇွန် ၃၀

အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲသည်။

အခမ်းအနားတွင် အ.ထ.က အေးမြသာယာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်စကားဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ လူကုန်ကူးမှုဆိုင်ရာခေါင်းစဉ်ဖြင့် Grade -8 မှ မောင်စစ်မြတ်နိုး၊ Grade-11 မှ မနန်းခြူး၊ Grade-9မှ မောင်ရဲသွေးထက်နှင့် Grade-11 မှ မနော်အေးသန့်သန့်ချေတို့က အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)