ကျွန်းစု ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ် (၃) သောင်း ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွား (၄၀၁) ဦးအတွက် ငွေ (၁၂၀၃၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ဘိုးဘွား (၄၀၁) ဦးအတွက် ငွေ (၁၂၀၃၀၀၀၀) ကျပ်အား ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ၎င်းမှတစ်ဆင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
လူမှုရေးပင်စင်ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၆) စု ရှိ ဘိုး/ဘွား (၄၀၁) ဦးအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃) သောင်းကျပ်အား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
ထက်မြင့်