သနပ်ပင် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသော မြေဩဇာအိတ်များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ မြေဩဇာအိတ်များပေးအပ်ပွဲတွင် သမဝါယမ Contract Farming စနစ်ဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကမာဖရံကျေးရွာ ဒိုင်းမွန်း(စိုက်/ထွေ)အသင်း၊ ငါးကြီးဝင်းကျေးရွာ လင်းလက်ဟိန်း(စိုက်/ထွေ) အခြေခံသမဝါယမအသင်း(၂)မှ အသင်းသား(၁၁၄)ဦး၏ မိုးစပါးစိုက်ဧက(၅၀၀)အတွက် ငွေကျပ်(၁၀၃၀)သိန်းနှင့်ညီမျှသော ပုလဲဓါတ်မြေဩဇာအိတ်(၁၀၀၀)၊ ငွေကျပ်(၈၆)သိန်းနှင့်ညီမျှသော စမ်းစတီသဘာဝမြေသြဇာအိတ်(၃၈၀)အိတ်တို့အား သနပ်ပင်မြို့နယ်အတွင်း ကျေးရွာအခြေခံသမဝါယမအသင်း(၂)သင်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)