သတင်းများ

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာများ စိုက်ထူဆောင်ရွက်
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၈လမ်းနှင့် ၆၀(A) လမ်းထောင့် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် ၁၁၀ လမ်းထောင့်များတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  
ချမ်းအေးသာစံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်ပြသ
May 11,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးပြသခြင်းကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့၌ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်
May 11,2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ပလောက်နယ်‌မြေ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်
May 11,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ် ၂၀၂၃ - ၂၀၂၄  ပညာသင်နှစ်  အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဉက္ကဋ္ဌ  ဦးညီညီအောင်က အခြေခံပညာကျောင်းများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်နှင့် အုပ်စုမှူးတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက သံတောင်ကြီးမြို့ အထကကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင်းခြံခရိုင် ပြန်/ဆက်ရုံး မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာပြသဆောင်ရွက်
May 11,2023
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝလေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာပြသ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မီးသတ်ဦးစီးဌာနက မုန်တိုင်းအသိပေးခြင်းနှင့် ရေဘေးကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်
May 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးကယ်ဆယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့အဝင် ဆိပ်ကမ်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးနှင့် ရပ်ကွက်များတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုနှင့်သရုပ်ပြ‌‌ လေ့ကျင့်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားမှုအား တာဝန်ရှိ သူများကြည့်ရှုစစ်ဆေး
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများကို ယနေ့နံနက် (၉)နာရီက အမှတ်(၂၃) ခြေလျင်တပ်ရင်း ဘောလုံးကွင်း အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။