သတင်းများ

ပွင့်ဖြူမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ
May 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်း‌နောင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မုန်း‌ချောင်းဘေးတစ်လျှောက်တွင် နေထိုင်သော
အုတ်ဖိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ပြုလုပ်ခဲ့သည်။
မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အသိပညာပေး သရုပ်ပြခြင်း
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန် ဖြေရှင်းဆောင်ရွက်နိုင်ရန် ယနေ့ နံနက်(၈)နာရီအချိန်က မြို့အုပ်ချုပ်‌ရေးမှူး ဦးရဲထက်အောင်နှင့် နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးဝင်းနိုင်တို့က ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူများ အား မုန်တိုင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အသိပညာ ပေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ် မြောင်းမြမြို့နယ်အတွင်း မုန်တိုင်းဘေး ကြိုတင်ကာကွယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
May 11,2023
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြမြို့နယ်တွင် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကစ၍ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Showဆောင်ရွက်
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပသည်။
အုတ်တွင်းမြို့နယ်တွင် သဘာဝဘေး‌အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်သည်။
ကလေးဝမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်
May 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ နှိုးဆော်ခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့သွားရောက်၍ မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
May 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌ ပျဉ်းမနားမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ယမန်နေ့နံနက်ပိုင်းက အသိပေး နှိုးဆော်ခဲ့သည်။