မင်းလှ ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက (၇၆၁၄၁)ရှိရာ ယနေ့ထိ (၆၁၄၂၁)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးကို ကြဲခင်း(၂၇၂၈၂)ဧက၊ အစိုကြဲခင်း (၂၀၃၁၇)ဧက၊အခြောက်ကြဲခင်း(၆၉၆၅) ဧက၊ Seeder(၂၈၄၆၈)ဧက၊ ပျိုးထောင်စိုက်(၅၆၇၁)ဧက၊ ပေါင်းပျိုး(၃၀) ဧက၊ ရိုးရိုးပျိုး(၅၆၁၁)ဧက၊ SRI (၂၀)ဧက၊ကောက်စိုက်စက်(၁၀)ဧက စုစုပေါင်း(၆၁၄၂၁)ဧကအား စိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ မှော်ဘီ- ၃၊ ရက်ကိုးဆယ်၊ GW-11၊ ထိုင်းနှံကောက်တို့ဖြစ်သည်။
မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြရာ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချ ကရိယာဖြင့် စိုက်ပျိုးကူညီပေးခြင်းနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးကူညီပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)