မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကျင်းပ

မော်လမြိုင် ဇူလိုင် ၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာန ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက  မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ဓမ္မဗိမာန်တော်ကြီး၌  ကျင်းပသည်။

အခမ်းအနားသို့ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ ဆရာတော်၊ သံဃာတော်များနှင့် ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ တက်ရောက်ကြသည်။

အဆိုပါ ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကို  သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ ပါဝင်ရွတ်ဖတ်ပူဇော် ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ခရိုင်/မြို့နယ်အလိုက် ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲ

ကျင်းပပြုလုပ်သည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ခရိုင်အဆင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ဆုနှင့် ခရိုင်အဆင့် အကောင်းဆုံးဆုရရှိသော မြို့နယ်များအား ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယုက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)