မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် (၁၀) မြို့နယ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင် ဇူလိုင် ၂

မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာ ရှင်များ တက်​ရောက်သည်။

​ရှေးဦးစွာ မွန်ပြည်နယ်လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဗိုလ်လုပွဲ ​ပွဲစ​ဉ်အဖြစ်  ဘီးလင်းမြို့နယ်​ဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ်​ဘောလုံး အသင်းတို့ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် အသင်းများ၏ ဆုရရှိသော အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူခဲ့ကြပြီး မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိ သူများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီး မြှင့်ခဲ့ကြသည်။

ထို့​နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တံခွန်စိုက် ဒိုင်းဆု ရရှိသည့်  ဘီးလင်းမြို့နယ်​ ဘောလုံးအသင်းအား ဆုတံဆိပ်၊ ​တံခွန်စိုက် ဒိုင်းဆုနှင့် ​ငွေသားဆုများ ပေးအပ်ချီး မြှင့်ခဲ့သည်။

မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် (၁၀) မြို့နယ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဇွန်လ (၁၅) ရက်​နေ့မှ ဇူလိုင်လ(၁) ရက်​နေ့အထိ မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အ​နေဖြင့် မျိုးဆက်သစ် အားကစား​သမားကောင်းများ​ ပေါ်ထွန်းလာ​စေ​ရေးနှင့်  အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်​စေ​ရေးတို့အတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်​ပေးခြင်းဖြစ်​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)