ကန့်ဘလူ ဇူလိုင် ၂
ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ လုပ်ငန်းများအား ဝန်ထမ်းတိုင်း သိရှိနားလည်သဘောပေါက်စေရန်နှင့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိင်စေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများစုပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်မှ အခန်း(၆)ဦးစီးဌာနများနှင့် အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းများပါ ဘဏ်များတွင် စာရင်းဖွင့်ရန်နှင့်ပိတ်ရန်နည်းလမ်းများ၊ ရန်ပုံငွေ လွှဲအပ်စာရင်း ပြင်ဆင်ရေးဆွဲခြင်း၊ ရန်ပုံငွေလွှဲအပ်စာ ရင်းပေးပိုခြင်းနှင့်ဌစ ပုံစံများ စသည်ဖြင့် ခေါင်းစဥ်တစ်ခုခြင်းအလိုက် ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)