သတင်းများ

ငရုတ်ကောင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများအတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ငရုတ်ကောင်းမြို့ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်တို့က ဒေသခံ ပြည်သူများကို မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အသိပညာပေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မုန်တိုင်းဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ ​မြောက်ဥက္ကလာပမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် စုဖွဲ့ထားရှိသည့် မုန်တိုင်းဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့ည​နေ ၄ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်​လောဟာနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
မန့်ဟီးရိုးမြို့တွင် ဒေသထွက် ကြက်သွန်နီစိုက်ပျိုးမှုကို တနိုင်တပိုင်အဆင့်မှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့လေးဖြစ်ပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသတွင် တည်ရှိလျက် ရာသီရှည်သီးနှံအပြင် ရာသီတိုသီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဒေသထွက်ရာသီ တိုစိုက်ပျိုးသီးနှံဖြစ်သော ကြက်သွန်နီစိုက်ပျိုးမှုသည် ယခင်က မိသားစုစားသောက်ရုံသာ တနိုင်တပိုင် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် တခြားမြို့နယ် များသို့ တင်ပို့ရောင်းချရန်အထိ အဓိကစီးပွားဖြစ်စိုက် ပျိုးသီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ထောပတ်ပဲစိုက်ဧက ၇၇၃၂ ဧက ရာနှုန်းပြည့် ရိတ်းသိမ်းပြီးစီး
May 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက်  တစ်မြို့နယ်လုံး ထောပတ်ပဲသီးနှံ ၇၆၄၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုး နိုင်မှုဧက ၇၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး  မတ်လကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီး စီးခဲ့ကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Showဆောင်ရွက်
May 11,2023
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့‌‌ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့် အချက်များကို ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူစည်းကားရာ နေများဖြစ်သည့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ဗီနိုင်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်
May 11,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် အောင်ချမ်းသာရပ်ကွက် လမ်းစုံအနီးတွင် စိုက်ထူခဲ့ကြသည်။