သတင်းများ

နတ်တလင်းမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jul 04,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲ အရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်မှစ၍ မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များပေါ်ထွန်းလာရေး အခြေခံကရာတေးသင်တန်း တတိယအကြိမ် (အခမဲ့)ဖွင့်လှစ်
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးထူးချွန်အားကစား လူငယ်များပေါ်ထွန်းလာစေရေးရန်ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက အခြေခံကရာတေးသင်တန်း တတိယအကြိမ်(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 04,2023
စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး သိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေးရည်ရွယ်ကာ စဉ့်ကိုင်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များကပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
မိုင်းရယ်မြို့၌ ဇီဝဆိုင်ရာအချက်အလက်စာရင်းကောက်ယူခြင်းများ စတင်တောင်ရွက်
Jul 04,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်း၏ ဒုတိယအဆင့်ဖြစ်သည့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ဟိုပန်မြို့နယ်၌ အသက်(၂)လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jul 04,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရတွင် ဟိုပန်မြို့၊ ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက် ​ထိုးနှံတိုက်ကျွေးပေးခဲ့ သည်။
မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထား ကိုးကွယ်ရန်  အလှူငွေပေးအပ်လှူဒါန်း
Jul 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပုံတူ အသစ်ပြန်လည်ပြုပြင် တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ  အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။