မိုင်းဖြတ်မြို့နယ်၌ ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထား ကိုးကွယ်ရန်  အလှူငွေပေးအပ်လှူဒါန်း

မိုင်းဖြတ် ဇူလိုင် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပုံတူ အသစ်ပြန်လည်ပြုပြင် တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ  အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသ ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက်အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန် အလှူတော်ငွေများကို(အဂ္ဂမဟာသဒ္ဒမ္မ ဇောတိ ကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသထံ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ်ကျော်လင်းမောင်နှင့် ဇနီးတို့က   အလှူရှင်များမှ ပါဝင်လှူဒါန်းထားသည့် ကျပ်(၃၀၁၀၈၀၀၀)သိန်းနှင့် ဘိလပ်မြေ (၃၀၀)အိတ်အား   ဆက်ကပ် လှူဒါန်းခဲ့ကြပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက် သားသမီးများက တည်ထားကိုးကွယ်လျက်ရှိပြီး စေတီတော်မြတ်ကြီးသည် ယခင်က ဉာဏ်‌တော် အမြင့် ၂၂ပေ၊ ၆လက်မ၊ ပလ္လင်တော် ၂ပေ၊ ၆လက်မရှိရာ အသစ်ပြန်လည်ပြုပြင်မွမ်းမံရာ၌ ဉာဏ်‌တော်အမြင့် ၂၇ပေ၊ ပလ္လင်တော် ၅ပေ မြှင့်တင်တည်၍ ရွှေစည်းခုံပုံတူ တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)