သတင်းများ

သာယာဝတီမြို့နယ်၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်ုတိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်
May 13,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွား
May 13,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းလှကျေးရွာအုပ်စုအတွင်း လူနေအိမ်အချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်အေး အင်္ဂပူမြိုနယ်ရှ်ိ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ထားမှုများအား ကြည့်ရှုစစ်ဆေး
May 13,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ပြင်ဆင်ထားရှိမှုများအား ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန် အရေးပေါ်ဆောင်ရွက်
May 13,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ပြောင်းရွေ့ထားသော အရှေ့မြောက်ရပ်ကွက်ရှိ အောင်မြေဗောဓိသာ သာနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက် အတွင်းရှိ Command post ရုံးခန်းတွင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌက ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းကာ အရေးပေါ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
မာန်အောင်မြို့နယ်၌ အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကြေညာ
May 13,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အနီရောင်အဆင့်မုန်တိုင်းသတိပေးချက်ကို ယမန်နေ့ညနေ ၅နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအ‌ဝေး ကျင်းပ
May 13,2023
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (MWEA)၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပပြုလုပ်သည်။
ကျောက်တံတားမြို့နယ်တွင် ပြည်သူများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်
May 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
May 13,2023
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၁ ရက်နေ့   နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။