သတင်းများ

ကျောက်တံခါးမြို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 12,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် စီမံထားရှိမှု အခြေအနေများအား ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့ ကွင်းဆင်းကြည့်ရှု
May 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်န်ိုင်ရန် ယနေ့ နံနက် ၁၀ နာရီက အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း (ကွင်းကောက်)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့သည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်အတွင်း ကြိုတင်ပြင်ဆင်စီမံထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(9) (ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယ) ဘာသာရပ်များ နည်းပြဆင့်ပွားသင်တန်း အခမ်းအနားကျင်းပ
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အခြေခံပညာ အမှတ်(၁)အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(9) (ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယ) ဘာသာရပ်များ နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်း
May 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများသည် ယနေ့နံနက်ပိုင်းမှစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများ ဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ပြည်လမ်းအဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက် မြို့ရှောင်လမ်းရှိ သဲဖြူချောင်းအား မိုးဦးကာလရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် မြောင်းချေးများ၊ နုန်းမြေများ၊ အမှိုက်များနှင့် ဗေဒါပင်များ ဆယ်ယူရှင်းလင်းခြင်း၊ ထောက်ကြန့် ပြည်လမ်းအဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ လာ​ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaign ပြုလုပ်
May 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ နံနက်(၇)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုအနေ ဖြင့် Mask Campaign ကို မြသိန်းတန်ဘုရားအဆင်း ကမ်းနားလမ်းဆုံ၊ မြို့မင်္ဂလာဈေးရှေ့ လမ်းဆုံရှိ လမ်းသွား လမ်းလာ ပြည်သူများနှင့် မင်္ဂလာဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေခဲ့သည်။
ကမာရွတ်မြို့နယ်၌ တက္ကသိုလ်ရိပ်သာလမ်းမဘေးရှိ သစ်ပင်ကြီးလဲပြိုလဲမှုဖြစ်ပွား
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်(၉း၂၀)နာရီအချိန်က တက္ကသိုလ်ရိပ်သာလမ်း၊ အမေရိကန်စင်တာအနီးရှိ စိန်ပန်းပင်လုံးပတ် (၄)ပေ၊ အမြင့်(၂၅)ပေခန့်ရှိ စိန်ပန်းပင်လဲကျမှု ဖြစ်ပွားခဲ့သည်။
ရွှေတောင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးခန်းမတွင် ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်  သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။