သတင်းများ

ကြည့်မြင်တိုင်မြို့နယ်၌ လေပြင်းတိုက်ခိုက်မှု​ကြောင့် သစ်ပင်သစ်ကိုင်းများနှင့်ဓာတ်တိုင်များ ကျိုးကျေနေမှုအား လမ်းပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်
May 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ယနေ့နံနက်ပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျခြင်းများဖြစ်ပေါ်သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများကအချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က  မုန်တိုင်းဘေးရှောင်ပြည်သူများအတွက် ထမင်းထုပ်များ ဝေငှ
May 14,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မုန်တိုင်းဘေးခိုလှုံနေစဥ်ကာလအတွင်း ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မုန်တိုင်းဘေးခိုလှုံရာ စုရပ်များသို့ ထမင်းထုပ်များ သွားရောက်ဝေငှခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းဘေးရှောင် ပြည်သူများအားသွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ပစ္စည်းများ ထောက်ပံပေးအပ်
May 14,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည်ယမန်နေ့ ညနေပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ကျေးရွာအသီးသီးမှ ရောက်ရှိနေသော မုန်တိုင်းဘေးရှောင် ပြည်သူများအား လပွတ္တာမြို့အမှတ်(၇) ရပ်ကွက်ရှိ သရက်တောကျောင်းတိုက်ဝန်းအတွင်း၌ တွေ့ဆုံ၍ရင်းနှီးနွေးထွေးစွာ အားပေးစကားပြော ကြားခဲ့သည်။
ဘုတ်ပြင်းမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်
May 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့က သဘာဝ‌ဘေးအန္တရာယ်အသိပညာပေး (Talk  Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့အမိုးလန်ပျက်စီး
May 14,2023
 မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယနေ့နံနက်၉နာရီ၂၅ ကလေပြင်းတိုက်ခတ် မှုကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်(၄)လုံးအမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။  
လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတမြို့နယ်တွင် ကျွန်းပင်များ လမ်းမပေါ်လဲပြိုခြင်းနှင့် နေအိမ် ၂ လုံး အမိုးလန်မှုဖြစ်ပွား
May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့နံနက် ၆ နာရီခန့်တွင် တလုတ္ထော်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အ.မ.က အညာတန်းကျောင်းရှေ့ဟင်္သာတ-မြို့ကွင်း ကားလမ်းမပေါ်သို့ ကျွန်းပင်အမှတ်(၁၃၁၂)နှင့်(၁၃၁၃) ၂ ပင်၊ ကားလမ်းမပေါ်သို့ လဲကျသဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ ရပ်ကွက်သားများဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် ၊သစ်ကိုင်း များ ကျိုးကျ၊ တာဝန်ရှိသူများမှ ရှင်းလင်းဆောင်ရွက်
May 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ နံနက် ၂ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် မြို့နယ် ရပ်ကွက်များအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းအချို့ ကျိုးကျ‌မှုဖြစ်ပွား၍ လမ်းများ ပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများမှ အချိန်နှင့် တစ်ပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
May 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်ဦးမျိုးကျော်အောင်ဦးဆောင်၍တပ်ဖွဲ့ဝင်များက ကာကွယ်ရေးသုံးပစ္စည်းများစုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။