ဘူးသီးတောင်မြို့၌ မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းနံဘေးရှိ ပြည်သူများအား ဘေးလွှတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်လျက်ရှိ
May 13,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းသို့ မေ ၁၃ ရက်နေ့နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းနားမှ ထွက်ခွာကာ ဒါးပိုင်ဆရာကျေးရွာအထိလည်းကောင်း၊ လိုင်ရှည်ပြင် ကျေးရွာအထိလည်းကောင်း လက်ဝဲ၊ လက်ယာမြစ်ကမ်းဘေးတစ်လျှောက်ရှိ မြေနိန့်ပိုင်းနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင်ရွေ့ပြောင်းနိုင်ရန်အတွက် Speed boat (၃) စီးဖြင့် ချောင်း၏ လက်ဝဲ၊ လက်ယာတွင် နေထိုင်ကြသော ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခဲ့ကြသည်။