သတင်းများ

အင်္ဂပူမြို့ မြို့မဈေး၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အဟာရပြည့်ဝ‌သော အစားအစာများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၇ နာရီအချိန်ခန့်က အခွန်လွတ်‌ဈေးနှင့်မြို့မဈေး‌တို့၌ ရောင်းချပေးခဲ့သည်။
ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်နှင့် ဝန်ထမ်းများက စတင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။
သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ် (RS) စပါးစိုက်ပျိုး
Jul 04,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက် စိုက်ခင်း၌ ပျိုးထောင်ထားသော (RS) စပါးပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ကြသည်။
မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
Jul 04,2023
မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးမှုနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်နူတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စစ်တွေမြို့၌ကျင်းပ
Jul 04,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လမ်းသစ်ရပ်ကွက် သုဓမ္မာပရိယတ္တိ သီလရှင်စာသင်တိုက်၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်ကြသည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်
Jul 04,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား ၁၆၁၆ ကောင်အား ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေး
Jul 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွား ၁၆၁၆ ကောင်အား  ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာ‌ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၀  ရက်နေ့မှ ၂၉ ရက်နေ့အထိ  ဆောင်ရွက်ခဲ့ကြသည်။