နမ့်ဆန် ဇူလှိုင် ၄
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသအစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများ၏ ဇီဝဆိုင်ရာအချက်အလက် (Biomatric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ယမန်နေ့နံနက်ပိုင်းက စတင်ကောက်ယူလျက်ရှိရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွန်းလင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံ သားတို့၏ (Biographic Data နှင့် Biometric Data) ကောက်ယူ၍ Databases သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းရှင်းပြပြီး၊ ဥက္ကဋ္ဌတာသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများတို့က ဇီဝဆိုင်ရာအချက်အလက်ပုံစံ(၁)တွင် ဖြည့်သွင်းကာ တာဝန်ရှိသူဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ဇူလှိုင်(၃)ရက်နေ့က စတင်ကောက်ယူရာတွင် လူဦးရေ(၁၅)ဦးတို့၏ Database သိမ်း ဆည်းဆောင်ရွက်ပြီးစီးကြောင်းနှင့် နေ့စဉ်ရုံးဖွင့်ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)