မြို့သစ် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ မြို့မစျေးအတွင်း စားသောက်ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိတို့ကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆယ်မောင်က ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့်အကြောင်းအရာများ ပြောကြားပြီးဝန်ဆောင်မှုနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့်အကြောင်းအရာများရှိပါက တိုင်ကြားနိုင်သည့်ဌာနများကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ ဆက်)