သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Jul 04,2023
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊
ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လက်မှုအတတ်ပညာဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းဖွင့်ပွဲ အခမ်းအနားဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ခြင်း
Jul 04,2023
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၇၁ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၈၆ ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်တွင် (Biometric) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ လောက်ကိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်လွင်၊ ဒု-လဝကမှူး ဦးမင်းကျော်ကိုနှင့် ဝန်ထမ်းများက (Biographic) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကိုးကန့်ဒေသဖွံ့ဖြိုးရေး အသင်းရုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တံတားမြို့၊ (၄)ရပ်ကွက်အတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Jul 04,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့် အခြခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Jul 04,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။