တန့်ယန်း ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များကို စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသက်အရွယ်အလိုက် ပိုလီယို၊ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှော ရောဂါ (ရိုတာ)၊ တီဘီကာကွယ်ဆေး(ဘီစီဂျီ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) စသည့်ကာကွယ်ဆေးများကို တိုက်ကျွေး၊ထိုးနှံပေးခြင်းအား ဆောင်ရွက်ပေးနေပြီး ကျေးရွာအုပ်စုများအထိပါ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ ဆက်)