မြောင်းမြ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်တို့၌ ယမန်နေ့ နံနက် ၇:၀၀ နာရီအချိန်တွင် ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့က ဆန်(၁)ပြည် ၂၀၀၀ကျပ်နှုန်း၊ ကြက်ဥ(၁)လုံး ၂၂၀ကျပ်နှုန်း၊ ဆီ ၁ပိဿာ ၅၀၀၀ ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်စုံတို့အား နံနက် ၇နာရီမှ ၁၀နာရီအထိ ရောင်းချပေးခဲ့ပါကြောင်း သိရသည်။
မြောင်းမြမြို့နယ်အတွင်း ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းစေရေးအတွက် ပြည်သူများအား ချိုသာသော စျေးနှုန်းဖြင့် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)