နောင်ချိုမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်

နောင်ချို ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက် ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်း ကအမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းဦးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များရှင်းလင်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သက်ပိုင်ထွန်းက မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေမှုများ၊ ပြည်ထောင်စုလမ်းမကြီးနှင့် ရပ်ကွက်အတွင်းလမ်းများ ပျက်စီးမှုလျော့နည်းစေရေးအတွက် သက်ဆိုင်ရာဌာနမှ တန်ပိုယာဉ်များအား ကြပ်မတ်စစ်ဆေးသွားရန်၊ မိမိတို့ရပ်ရွာလုံခြုံရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအားလည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ကျေးရွာ အုပ်စုများအလိုက် ဆောင်ရွက်နေမှုများအားလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါ တင်ပြမှုများအပေါ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစည်သူလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(ပြန်/ ဆက်)