ကျောက်မဲမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) စာရင်းများ ကောက်ယူ

ကျောက်မဲ ဇူလိုင် ၄

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောက်မဲခရိုင် ဦးစီးမှူး ဦးမင်းမင်းဇော်၊ ခရိုင်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဝင် အဖွဲ့ဝင်(၂) ဦးဌေးတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအကြီးအကဲများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်မှ ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများနှင့် ပတ်သက်သည့်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များကို စတင် စာရင်းကောက်ယူရာ အဆိုပါ စာရင်းကောက်ယူနေမှုအခမ်းအနားသို့ တက်ရောက်လာသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။

မိုင်းထွန်း(ပြန်/ဆက်)