လောက်ကိုင် ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မီးသတ်ဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး တစ်အိမ်တက်ဆင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထွန်း ဦးဆောင်၍ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် လောက်ကိုင်မြို့ ပေါ်ရှိ ရပ်ကွက်များအလိုက် အဖွဲ့များခွဲ၍ ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် တစ်အိမ်တက်ဆင်း ခြင်ဆေးများဖြန်းခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော နေရာများ၊ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားရှင်းလင်းခြင်းစသည့်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတဆင့် ကူးစက်ရောဂါဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်စေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)