ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အခြေခံပညာစာသင်ကျောင်းများသို့ ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်

ခိုလမ် ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့်ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀ မိနစ်အချိန်က အခြေခံပညာစာသင်ကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့စည်ပင်သာယာရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများတို့မှ အခြေခံကျောင်းများရှိ စာသင်ခန်းများအား ဆေးမှုတ်ပေးခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်း၊ ရေကန်နှင့် ရေစည်များအား အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)