ခိုလမ် ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က (၂၉)မိုင်ကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဖြူဖြူသော်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေအောင်က အာဇာနည် ခေါင်းဆောင်ကြီးများ၏ အကြောင်းများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်နေ့အဓိပ္ပာယ်ဖွင့်ဆိုချက် စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထိုနောက် အငယ်တန်းစာရေး ဒေါ်ပန်းအင်ကြင်းက "၃၈ဖြာမင်္ဂလာ"ပုံပြင်စာအုပ်မှ "အကြားအမြင်"ပုံပြင်ကို ကျောင်းသား/ကျောင်းသူများ ဗဟုသုတရစေနိုင်ရန်အတွက် ဖတ်ကြားပေးခဲ့ပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရှိရသည်။
နေလင်းထွန်း(ပြန်/ဆက်)