ကာလိ ဇူလိုင် ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်သန်း ဦးဆောင်၍ မြို့စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကာလိမြို့ ရပ်ကွက်(၄)အတွင်း သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် လူနေအိမ်နှင့် ၎င်းနေအိမ်အနီးကိုက် (၁၀၀)အတွင်းရှိ လူနေအိမ်များအား ခြင်ဆေးမှုတ်ခြင်း၊ ရေလှောင်ကန်များ၊ ပန်းအိုးများ၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ဆက်လက်မပြန့်ပွားစေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)