နောင်တရားမြို့၌ စပါးအထွက်နှုန်းတိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေး

နောင်တရား ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ဆယ်ခေါင်းကျေးရွာအတွင်း၌ လယ်စပါးစိုက်ပျိုးသည့် တောင်သူများ စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်သည်။

နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်‌အောင်ဒင်မှိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ဝင်းတို့က ဆယ်ခေါင်းကျေးရွာ ပတ်ဝန်းကျင်၌ စိုက်ပျိုးရန် ပျိုးထောင်ထားသည့် လယ်စပါးများ စပါးအထွက်နှုန်း တိုးတက်မြင့်မားလာစေရေးအတွက် မြို့ဦးစီးမှူး ဦးကျော်စိုးသူက လယ်စပါး စိုက်ပျိုးရေးနည်းစနစ်နှင့် ရေးသွင်းရေထုတ်စနစ်များကို မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)