သတင်းများ

ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် U-18 အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲကျင်းပ
May 17,2023
၂ဝ၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် U-18 အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒ ခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဘိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေပေးအပ်
May 17,2023
ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ပြည်သူများအား လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဆန်ရိက္ခာဘိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မိုးမောက်မြို့၌ မြေငှားဂရန်သစ်လျှောက်ထားမှု မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့သည် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်၊ အကွက် အမှတ် (၃၇)၊ ဦးပိုင်အမှတ် (၆၉/ခ)၊ ဧရိယာ (၀.၁၂၆) ဧကရှိ မြေကွက်အား ဦးမြအောင်+ဒေါ်မြကြည် အမည်ဖြင့် ဂရန် ဦးပိုင်ခွဲ အမှုတွဲတင်ပြထားရှိမှုအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် လေဘေးရှောင်ပြည်သူများအား နေရပ်သို့ပြန်လည်ပို့ဆောင်
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက လေဘေးရှောင်ပြည်သူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ငါးမျိုးစပ် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
May 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံ မြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲ တွင်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
May 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် “လူငယ်နှင့်ပညာရေး အသိပညာပေး” Talk Show ကျင်းပ
May 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက “လူငယ်နှင့်ပညာရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်
May 17,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။