ဝါးခယ်မမြို့နယ်တွင် လေဘေးရှောင်ပြည်သူများအား နေရပ်သို့ပြန်လည်ပို့ဆောင်

ဝါးခယ်မ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက လေဘေးရှောင်ပြည်သူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေရပ်ကွက် အုန်းပင်ပရိယတ္တိစာသင်တိုက်၊ နဒီအောင်‌မြေရပ်ကွက်နှင့်   မြစိမ်းရပ်ကွက်၊ မြစိမ်းဘုန်းတော်ကြီးကျောင်းတို့တွင် လေဘေးရှောင် ရောက်ရှိနေသော ပြည်သူများအား မြို့နယ် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ တွေ့ဆုံအားပေးစကားပြောကြား၍ လေဘေးရှောင်ပြည်သူ များအား နေရပ်သို့ ပြန်နိုင်ရေးအတွက် ကားများ၊ သင်္ဘောများ ငှားရမ်းပေး၍ ပြန်လည်ပို့‌ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)